Blog Detail

နိုဝင်ဘာ 18, 2021 in Blog

သက်သတ်လွတ်စား စိတ်ကောင်းထား

သက်သတ်လွတ်စား စိတ်ကောင်းထား

ကျွန်တော်သည် မကြာခဏ ခရီးသွားဖြစ်သည်။ လူအမျိုးမျိုးနှင့် တွေ့ကြုံရသည်။ တစ်နေ့ ရန်ကုန် လေဆိပ် တွင် လုံခြုံရေး စစ်ဆေးနေသည့် လူတစ်ဦးက စကား တစ်လုံးလောက် ချီးမြှင့်ခဲ့ပါဦး ဟု ဆိုလာသည်။ ဒီလိုမျိုးကို မကြာခဏ ကျွန်တော် ကြုံတတ်သည်။ အတိတ်ကောက်ရန် လည်း မေးတတ်ကြသည်။ ဘယ်လို သဘောဖြင့်မေးသည် ဖြစ်စေ ကျွန်တော်က သုံးနေကြစကားလုံး ဖြစ်သော သက်သတ်လွတ်စား၊ စိတ်ကောင်းထား ဟူသော စကားကို သူ့အားပြောပြသည်။

ကျွန်တော် မိမိလက်ဆွဲ အိပ်ဆွဲပြီး လုံခြုံရေး ကောင်တာ မှ ထွက်လာစဉ် ဘေးတွင်ရှိသူ တစ်ဦးအား သူက သက်သတ်လွတ်စား စိတ်ကောင်း ထား တဲ့ ဆိုပြီး ပြန်ပြော နေသည်ကို ကျွန်တော် သဲ့သဲ့ ကြားခဲ့ရသည်။

သက်သတ်လွတ် စားခြင်း သည် ယခုခေတ်တွင် လူတိုင်းအတွက် ပြောစရာစကား တစ်ခု ဖြစ်လာ သည်။ တစ်ချို့က ကျမ်းမာရေးကြောင့် သက်သတ်လွတ် စားကြသည်။ တစ်ချို့က တိရစ္ဆာန် များကို သနားသဖြင့် သက်သတ်လွတ် စားကြသည်။ အချို့ကြတော့လည်း တိရစ္ဆာန် များတွင် ဖြစ်နေသော ကြောက်စရာကောင်းသည့် ရောဂါများ လူတွင်ကူးစက်သည် ဆိုသော အကြောင်းကြောင့်၊ တစ်ချို့လည်း မိဘများလက်ထက် ကတည်းက စားလာသောကြောင့် စသော စသော အကြောင်း အမျိုးမျိုးကြောင့် သက်သတ်လွတ်စားကြသည်။

အချို့ကြတော့ သက်သတ်လွတ် စားရန် မလိုအပ်ပါဟု ဆိုသည်။ အချို့က တိရစ္ဆာန်တွင် ဝိညာဉ်မရှိပါ။ ထို့ကြောင့် ကျွန်ုပ်တို့ ထိုသတ္တဝါများကို သတ်၍စား နိုင်သည်။ အချို့ကြပြန်တော့ ကိုယ်ကိုယ်တိုင် မသတ်ရင် ပြီးတာပါဘဲ။ သူများသတ်တာ ကိုယ်က စားယုံစားတာ ဟုဆိိုသည်။ စိတ်သာအဓိက စားတဲ့အစာက အဓိက မဟုတ် ဟုဆိုသူလည်း ရှိသည်။ အာဟာရ ဖြစ်ဖို့စားတာ ဘာစားစား ရသည် ဟုဆိုသူက ဆိုသည်။

ယင်းသို့ ငြင်းခုံမှုများ ပြုလုပ်လာခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်သည်။ အဂ်လိပ် တို့၏ စကားပုံ တစ်ခု ရှိသည်။ ့သက မေန တ့အေ ပသက နအေ ဟူ၏။ အဓိပ္ပါယ်က သင်မည်သူဖြစ်ကြောင်း သင်စားသော အစာက သက်သေပြလျက် ရှိသည်။

လူသည် ခွဲခြားနားလည်နိုင်သော ဥာဏ်ရှိသည့် သတ္တဝါ ဖြစ်သည်။ အမှားနှင့် အမှန်၊ အကောင်းနှင့် အဆိုး၊ အယုတ်နှင့် အမြတ် စသည်တို့ကို ခွဲခြားနားလည် နိုင်သည်။ ပွင့်တော် မူခဲ့သော ဘုရားအဆူဆူတို့က လူ့ဘဝသည် ရခဲလှစွာ၏ ဟု တစ်ညီတစ်ညွတ်ထဲ ဟောကြားတော် မူခဲ့ကြသည်။ ဝေဒကျမ်းတို့က ရှစ်သန်းသော ဘဝများကို ဖြတ်သန်းခဲ့ပြီးမှ လူ့ဘဝကို ရလာသည်ဟု ဖေါ်ပြသည်။ ထို တန်ဘိုး မဖြတ်နိုင်သော လူ့ဘဝကို ရရှိပြီးသည့် နောက်တွင်သော်မှ ထိုဘဝ၏ တန်ဘိုးကို သတိမမူဘဲ ခွဲခြားစိတ်ဖြာခြင်း မပြုဘဲ နေထိုင်စားသောက် လုပ်ကိုင်မည် ဆိုက ဆုံးရှုံးခြင်းကို ကြုံကြိုက်ရလိမ့်မည်။ လူ့ဘ0xuf နိမ့်ကျသော ဘဝများသို့ ရောက်ရှိ သွားလိမ့်မည်။ လူ့ဘဝကို ပြန်ရရန် နှစ်ပေါင်းများစွာ ကြာမြင့်သွားလိမ့်မည်။

ထို့ကြောင့် လူ့ဘဝကို ရရှိခိုက်တွင် မိမိအား မြှင့်တင်ပေးနိုင်သော အစာအဟာရကို မှီဝဲ စားသုံးသင့်သည်။ တစ်ပါးသော သတ္တဝါအား သတ်ဖြတ်ပြီးမှ ရလာသော ထိုအသားများကို ရှောင်ရှား သင့်သည်။ လူသည် အသားစားမှသာ အသက်ရှင်ရသော သတ္တဝါ မဟုတ်ပေ။

စိတ်နှင့် အဟာရသည် ဆက်စပ်လျက် ရှိနေသည်မှာ သံသယ ဖြစ်စရာ မရှိိပေ။ မည်မျှပင် စိတ်ကောင်း ရှိနေသူကို သေရည် အရက်တိုက်မည် ဆိုက ထိုသေရည် အရက် ဆိုသော အစာကြောင့် သူ့စိတ်တွေ ထွေပြားလျက် စိတ်ကောင်းပျောက်ကာ စိတ်ရိုင်းများ ဝင်လာလိမ့်မည်မှာ သေချာလှသည်။ စိတ်သာ အဓိကဟု ဆိုလျက် အဆိပ်ကို အမြိုက်ဟု စိတ်မှာမှတ်လျက် သောက်ပါက မည်သို့ ဖြစ်လိိမ့် မည်နည်း။ ကိုယ်က မည်သို့သော စိတ်မျိုးထားပြီး မှတ်နေသည် ဖြစ်စေ အဆိပ်သည် အဆိပ်၏ ဂုဏ်သတ္တိကို ပြလိမ့်မည်သာ ဖြစ်သည်။ ထို့ကြောင့် စိတ်ကို ဖြူစင်အောင်ထားဖို့ အစားအစာ သည်လည်း အခန်းကဏ္ဍတစ်ခု မှ ပါဝင်ပတ်သက် နေပေသည်။

စိတ်ကောင်းထားသည် ဆိုသည်မှာ လူသားများ အပေါ် စိတ်ကောင်းထားပြီး သနားစရာ ကောင်းသော တိရစ္ဆာန်များ အပေါ် ရက်စက်ခြင်း တော့ မဟုတ်တန် ရာ။ မိမိလူမျိုးများကို ချစ်ခင်ပြီး အခြား လူမျိုးများကို မုန်းတီးခြင်းလည်း မဟုတ်ပါ။ စိတ်ကောင်းထားခြင်း ဆိုသည်မှာ လူသား တိရစ္ဆာန် သက်ရှိခပ်သိမ်း တို့အပေါ် သနားကြင်နာ ချစ်ခင်စိတ် ထားခြင်းဖြစ်သည်။ ကိုယ်ချင်းစာ တရား ထားခြင်း ဖြစ်သည်။ သူတို့လည်း ငါတို့ကဲ့သို့ အသွေးအသား အသက် တို့ဖြင့် တည်ဆောက်ထား ခြင်းဖြစ်သည်။ သူတို့ကို သတ်က နာကြင်ခြင်းကို သူတို့လည်း ခံစားရမည် ဖြစ်သည်။ စားသူ မရှိက သတ်သူလည်း ရှိလိမ့်မည် မဟုတ်ပေ။ ရောင်းသူလည်း ရှိမည် မဟုတ်ပေ။ စသော အတွေးအခေါ် များဖြင့် မျှဝေ ခံစားခြင်း ဖြစ်သည်။

ဘဂဝဒ်ဂီသာကျမ်း (အခန်း ၁၇၊ ပါဒ ရ-၁ဝ)တွင် ဘုရားရှင် ကရိသျှ်ဏက အစားအစာနှင့် ပတ်သက်၍

” လူသားတစ်ဦးချင်းနှစ်သက်သော အစားအစာ သည်ပင် သဘာဝတရား၏ ဂုဏ်သုံးပါး အပေါ် မူတည်၍ သုံးမျိုးသုံးစား ရှိသည်။…………. ယင်းတို့ အကြားမည်သို့ ခြားနားကြောင်း ယခု ကြားနာ လော့။”

” အသက်ကို ရှည်စေသော၊ မိမိ၏ အသက်ရှင် ရပ်တည်မှုကို ဖြူစင်သန့်ရှင်းစေသော၊ အင်အားဗလ တိုးပွားစေသော၊ ကျမ်းမာခြင်း ပျော်ရွှင်ခြင်းနှင့် အားရကျေနပ်မှုကို ပေးသော အစားအစာ သည် ကောင်းမြတ်သော ဂုဏ် ဆသ်ဝဂုဏတွင် ရှိသော သူတို့ နှစ်သက်သော အစားအစာ ပင် ဖြစ်သည်။ ထိုအစားအစာ တို့သည် အရည်ရွှမ်း၏၊ အဆီအနှစ်ပြည့်ဝ၏။ အာဟာရ ပြည့်ဝပြီး နှလုံုး စိတ်ဝမ်းကို ရွှင်လန်းစေသည်။”

” ခါးလွန်းသော ၊ချဉ်လွန်းသော၊ ငံလွန်းသော၊ ပူသော၊ အနံ့ပြင်းသော၊ ခြောက်သွေ့ပြီး စပ်လွန်းသော အစားအစာ တို့သည် ရမက်ဂုဏ် ရဂျိုးဂုဏတွင် ရှိသူတို့ နှစ်သက်သော အစားအစာ ဖြစ်သည်။ ထိုအစာကြောင့် သောက၊ ဒုက္ခနှင့် ရောဂါတို့ကို ရစေသည်။”

” မစားမှီ သုံးနာရီကြိုတင် ချက်ပြုတ်ထားသော၊ အရသာမရှိသော၊ ပုပ်သိုးနေသော၊ မသန့်ရှင်းသော၊ စားကငြွ်းစားကျန်များနှင့် မတို့ထိအပ်သော အရာများ ပါဝင်သော အစားအစာတို့သည် အဝိဇ္ဇာဂုဏ် သမိုးဂုဏတွင် ရှိသူတို့ နှစ်သက်သော အဟာရပင် ဖြစ်သည်။” ဟု မြွက်ကြားတော် မူထားပေသည်။

ဘုရားရှင် မိန့်တော်မူထားသော အထက်ပါ စကားကို ကြည့်ခြင်းဖြင့် မိမိတို့ စားမည့် အစားအစာကို သတိဖြင့် စားသောက်သင့်ကြောင်း နားလည်ကြရမည် ဖြစ်သည်။ မတို့ထိအပ်သော အစားအစာ ဆိုသည်မှာ အသားငါးများကို ဆိုလိုခြင်း ဖြစ်သည်။ အသားငါးကို မစားရဟု တိုက်ရိုက် မကြွ်ကြားထားတော် မူခြင်း မရှိသော်လည်း ယင်းတို့သည် အဝိဇ္ဇာဂုဏ်တွင် ရှိသူများ နှစ်သက်သော အစာဟု ဆိုထားခြင်းကို သတိမူရမည် ဖြစ်သည်။ အဝိဇ္ဇာဂုဏ်တွင် သေလွန်က လူ့ဘထပ်နိမ့်ကျသော ဘဝများသို့ ကျကြောင်းကို ဘဂဝဒ်ဂီသာကျမ်းတွင် ဖေါ်ပြထားပေသည်။

ထို့ကြောင့် ရခဲလှသော လူ့ဘဝကို ရထားသော ကျွန်ုပ်တို့ လူသားများသည် မည်သည့် အစားအစာက မိမိတို့အား မြှင့်တင်ပေးနိုင်ပြီး မည်သည့် အစားအစာတို့က လူသားတို့အား နိမ့်ကျသော ဘဝများသို့ ယူဆောင်သွာနိုင်ကြောင်း ကို ဥာဏ်နှင့်ဆင်ခြင်ပြီး မိမိကိုယ်အား မြှင့်တင် နိုင်ပါစေကြောင်း မေတ္တာရှေ့ထား တင်ပြအပ်ပါသည်။