ကလေးများအတွက်သူယ်ချင်း
 
				ကျွန်မတို့သည် ကလေးများကို မိမိဖြစ်စေချင်သကဲ့သို့ ဖြစ်လာရန်  ပြုစုပျိုးထောင်လို့ ရနိုင်ပါမည်လား။ 	ဆရာတော် ကြီး ရှရီလာ ပ်ရဘူးပါးဒ် မိန့်ကြားခဲ့ဘူးသည်။ ”  ကလေးတွေကို ကောင်းမြတ်တဲ့ အပေါင်းအဖေါ် ကြားမှာထားရင် သူတို့တွေ လိမ္မာရေးချား ရှိပါလိမ့်မယ်။ မကောင်းတဲ့ အပေါင်းအဖေါ် ကြားမှာ ထားရင် ဆိုးသွားကြလိမ့်မယ်။  ဒီကိစ္စနဲ့ ပါတ်သက်ပြီး ကလေးတွေကို လွပ်လပ်ခွင့် မပေးသင့်ဘူး။ ဝေဒ ယဉ်ကျေးမှု အရဆိုရင် ကလေးတွေ လေးနှစ်၊ငါးနှစ် ရောက်လာတာနဲ့ စည်းကမ်းရှိလာအောင် ဂုရူကူလ်(ဂုရု၏ ကျောင်း) ကို ပို့ကြရတယ်”  	ကလေးများနှင့် နေဖူးသူတိုင်းက ပတ်ဝန်းကျင်သည် ကလေးများ ဘဝတွင် အလွန်ကြီးမားသော သက်ရောက်မှုကို ဖြစ်စေကြောင်း သိရှိကြသည်။ သို့သော် ကလေးများ၏ အတိတ်ဘဝက ပြုခဲ့သော ကောင်းမှု မကောင်းမှု ကံသည်လည်း သူတို့၏ အကျင့်စာရိတ္တတွင် ကြီးမားသော လွှမ်းမိုးမှု ရှိပြန်သည်။ အခြား အချက် တစ်ခုမှာ ကလေးရဖို့ ကြိုးစားချိန်တွင် မိဘတို့၏ စိတ်ပိုင်းဆိုင်ရာ အနေအထားသည် မိခင်၏ဝမ်းတွင် ရောက်လာမည့် သက်ရှိကို စွဲဆောင်လေသည်။ ထိုအချိန်တွင် ရှိသော မိဘတို့၏ စိတ်ပိုင်းဆိုင်ရာ အနေအထားပေါ် မူတည်ပြိး ထိုဖြစ်လာမည့် ကလေး၏ စိတ်ပိုင်းဆိုင်ရာ အနေအထားသည်လည်း ဖွံ့ဖြိုး ဖြစ်ပေါ်လာသည်။ ထို့ကြောင့်သာ ကျမ်းစာကို နားလည်သည့် မိဘများသည် ကလေးယူရန် အားထုတ်ချိန်တွင် သက်ဆိုင်ရာ ကောင်းမြတ်သည့် ထုံးတမ်းစဉ်လာများကို ပြုလုပ်ပြီး ကောင်းမြတ်သော ကလေးများ မွေးလာရေး ကို အားထုတ်ကြခြင်း ဖြစ်သည်။ သို့မှသာ မွေးလာမည့် ကလေးသည် လေ့ကျင့်သင်ကြား ပေး၍ရမည့် ကလေး ဖြစ်လာမည် ဖြစ်သည်။ ရှရီလာ ပ်ရဘူးပါးဒ်က ”  ကလေးတွေကို ကိုယ်လိုချင်သလို ပုံသွင်းလို့ ရတယ်။ သူတို့ ဟာ ပုံသွင်းလို့ ရတဲ့ ရွှံ့နဲ့တူတယ်”  ဟုမိန်ကြားခဲ့သည်။ ထို့ကြောင့်  ပုံသဏ္ဍန်တစ်ခု ဖြစ်လာရန် ပုံသွင်းခြင်း သည် အလွန်အရေးကြီးသော ကိစ္စဖြစ်သည်။ အခြားအရေး ကြီးသော အချက် မှာ ပုံသွင်းမည့် ပစ္စည်း၏ အရည် အသွေးပင် ဖြစ်သည်။ 	တဖက်မှ ကြည့်ပြန်လျှင် ကလေးတို့၏ အတိတ်ဘဝမှ ပါလာသော အကြောင်းများနှင့် ယခုဘဝတွင် ရှိလာသော အကျင့် အတွေးများကို ပြင်လို့ရနိုင်သည်။ သက်ရှိတို့၏ မူလ အနေအထားသည် လောကီ မဟုတ်ပေ။ ထို့ကြောင့် အားလုံးထံတွင် ပြည့်စုံသော အသိတရား၊ လောကုတ္တရာ သုခချမ်းသာ ရှိသည်။ ဘုရားရှင် ကရိသျှ်ဏ၏ မေတ္တာနှင့် ပြည့်ဝလျက် ရှိသည်။ ထို့ကြောင့် အတိတ်ဘဝက မည်သို့သော ကံပါလာသည် ဖြစ်စေ ဘုရားရှင်၏ မေတ္တာတော်ကြောင့် ပြောင်းလည်းမှု ရှိလာရမည် ဟု ဆိုရမည် ဖြစ်သည်။ အမှန်စင်စစ် လေကုတ္တရာ ပြောင်လဲမှုသာသာ အစစ်အမှန် ပြောင်းလဲခြင်း မဟုတ်ပါလား။ 	ကလေးတစ်ယောက်ကို ယင်းသို့ပြောင်းလဲလာအောင် လုပ်ဆောင်ရန်မှာ အင်မတန်  ရိုးရှင်းလှသည်။ ယင်းမှာ ကလေးများကို သူတော်ကောင်းများ အကြားတွင် ထားရှိရန် ဖြစ်သည်။ သူတော်ကောင်း မျာအကြား ထားရှိခြင်း ဆိုသည်မှာ ဘုန်းကြီးကျောင်း ပို့ထားခြင်းကို ဆိုလိုခြင်း မဟုတ်ဘဲ ဘုရားရှင်၏ အလုပ်အကျွေးကို ပြုနေကြသော အကျင့်သီလ ကောင်းမြတ်သူများ နှင့် ထိတွေ့နေထိုင်ခွင့် ရအောင် ပြလုပ်ပေးခြင်း ဖြစ်သည်။  ယင်းသို့ ထားလိုက် ပါက ကလေးထံတွင် ရှိနေသော မှားယွင်းသော အတွေးအခေါ်များ ၊ မကောင်းသော အမူအကျင့် များသည် ပြောင်းလဲသွားမည် ဖြစ်သည်။ လက်ရှိ အနေအထားတွင် ယင်းသို့ ဖြစ်ရန်မှာ ခက်ခဲလှသည်။ အဘယ့်ကြောင့်ဆိုသော် လူ့ဘောင်တစ်ခုလုံးသည် ငွေကြေး၊အာရုံခံစားမှုနောက်ကို လိုက်နေ ကြပြီး ဘုရားရှင်၏ အလုပ်အကျွေးကို မေ့လျော့နေကြသောကြောင့် ဖြစ်သည်။ 	လောကီရုပ်ဝါဒ ဆန်လွန်းသော လောကနှင့် ကလေးကို ခွဲထားပါပြီး လောကုတ္တရာ အဆုံးအမများဖြင့် ကြီးပြင်းစေပါက ကလေးသည် လူ့ဘောင်တွင် ဝင်မဆန့်တော့ဟု ထင်စရာရှိသည်။ သို့သော် ယင်းသို့ မဟုတ်ပါ။ ကလေးများသည် မုန်ပဲသရေစာကို သာ ကြိုက်နှစ်သက် ကြသော်လည်း မိဘများက ကျမ်းမာရေး နှင့် ညီညွတ်သော အစားအစာများကို သူတို့ ဆန္ဒနှင့် ဆန့်ကျင်ကာ ကျွေးနေရသည်သာ ဖြစ်သည်။ သူတို့တွေ အတွေ့အကြုံရပါစေ ဆိုပြီး ဘီယာလည်း ဝယ်မတိုက်ပါပေ။ 	ထိုနည်းတူစွာပင် ကလေးများကို ရုပ်လောကီစိတ် ဝင်မလာအောင် ကာကွယ်ပြီး သူတော်ကောင်း တရားနှင့် အညီ နေထိုင်ကျင့်ကြံရန် အားပေးသင့်ပေသည်။ သူတို့လေးတွေ အာရုံနှင့်စိတ်ကို မည်သို့ ထိန်းချုပ် ရကြောင်း သိလာသော အခါဘဝ၏ အခြေအနေတိုင်းကို ပြုံးပြုံးကြီး ရင်ဆိုင်နိုင်သူများ ဖြစ်လာပေလိမ့်မည်။ ရုပ်လောက၏ ဆွဲဆောင်ရာ နောက်ကို ပြေးလိုက်စေမည့် အစား ငြိမ်းချမ်းသော တရားရိပ်ကို သူတို့ ပတ်ဝန်းကျင် တွင်ဖန်တည်း ပေးသင့်ပေသည်။ သို့မှသာ အခြားသူများကပင် သူတို့လေးတွေကို ကြည့်ပြီး အားကျလာမည် ဖြစ်သည်။ 	ဝေဒယဉ်ကျေးမှုအရ ပညာရေးတွင် အရေးကြီးဆုံး အချက်မှာ ကလေးများကို မိမိကိုယ်ကို သိမြင်လိုသော ကျောင်းသားများနှင့် ဆရာများ အကြားတွင် ထားရှိရေး ဖြစ်သည်။ ထိုကဲ့သို့သော ပုဂ္ဂိုလ် များသည် တဏှာစိတ်၊ လောဘစိတ် ၊ မနာလိုစိတ်ကင်းသူများ ဖြစ်ကြသောကြောင့် သူတို့သည် အသားငါး မစားသူများ၊ မူယစ်စွဲလမ်းစေတတ်သော အရာများကို မစားသုံး မမှီဝဲသူများ၊ လောင်းကစား မပြုသူ များနှင့် ကာမမှုကို မှားယွင်းစွာ မကျင့်သူများ ဖြစ်ကြသည်။ ထိုကဲ့သိုသော သူသည်သာလျှင် စစ်မှန်သော ဆရာ ဖြစ်သည်။ ထိုဆရာများသည် ဝေဒယဉ်ကျေးမှုမှ လက်ခံသော ဆရာများ ဖြစ်ပြီး ဘုရားရှင် ကရိသျှ်ဏကို ကိုးကွယ်ဆည်းကပ်သူများ လည်း ဖြစ်သည်။ စစ်မှန်သော ဆရာသည် အရာရာတိုင်းကို ဘုရားရှင်အား ရည်စူးပြီး ပြုလုပ်သူ ဖြစ်သည်။ လောကီတွင် လိုချင်တပ်မက်မှု ကြီးသူ မဟုတ်ပေ။ သူသည် လောကုတ္တရာ သုခချမ်းသာဖြင့် ကျေနပ်ပျော်ရွှင်နေသူ ဖြစ်သည်။ 	သို့သော ထိုကဲ့သို့သော ဆရာမျိုးသည် လောကီတွင် တပ်အပ်သော ပညာများကို လစ်လျူရှုခြင်း မပြုပေ။ လောကတွင် အသက်ရှင်လုပ်ကိုင်ရန် လောကီပညာရေးလည်း ထိုက်သင့်သလောက် လိုအပ်သည်။ သို့သော် သေလွန်သွားက ပျောက်ပျက်သွားမည်ဖြစ်သော ထိုလောကီပညာရေး နောက်ကိုမူ အလွန်အမင်း မလိုက်စားသင့်ပေ။ သို့သော် ထိုပညာရေးကိုပင် ဘုရားရှင်၏ အလုပ်အကျွေးတွင် အသုံးပြုပါက လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို ရရှိမည် ဖြစ်သည်။ 	လောကတစ်ခွင်လုံးတွင် မိဘတို့သည် ကလေးများကို လောကီပညာတွင် အလွန်အဆင့်မြင့်သော ကျောင်း များတွင် ထားပေးပြီး ပညာတတ်ကြီးများ ဖြစ်လာစေချင်ကြသည်။ ဘုရားတရားကိုအထိုက်အလျောက် ယုံကြည်သူ လည်း ဖြစ်စေချင်ကြသည်။ ယင်းသည် လောကီသာဖြစ်သည်။ စဉ်းစားကြည့်ပါ။ အကယ်၍ မိဘအချို့ က သူတို့၏သားသမီးများကို သူများနှင့်မတူ ထူးခြားသော၊ သီလသမာဓိရှိသော၊ ဘုရားရှင်အားအလုပ်အကျွေးပြုသော သူများဖြစ်လာအောင် လေ့ကျင့်သင်ကြားပေးမည် ဆို့ပါစို့။ ထိုကလေးများသည် အရေအတွက်အားဖြင့် မများလျှင်သော်မှ သူတို့ ကြီးလာသောအခါ အနာဂတ် လူသားအားလုံး ကို အမှန်တကယ် အကျိုးပြုသူများ ဖြစ်လာမည်မှာ မလွဲဧကန် ဖြစ်သည်။ စာရေးသူ ဥုရ်မီလာ ဒေဝီဒါဆီသည် အမေရိကန်သူ တစ်ဦးဖြစ်ပြီး ၁၉၇၃တွင် ကျေးဇူးရှင် အာစရိယ ဆရာတော်ကြီး ရှရီ ပ်ရဘူးပါးဒ် ထံ တပည့်အဖြစ်ကို ခံယူခဲ့သူဖြစ်သည်။ ကလေးများနှင့် ပတ်သက်သော ပညာပေး စာအုပ်ပေါင်းမြောက်များစွာကို ရေးသားခဲ့သူလည်း ဖြစ်သည်။ 	BTG၂၅-ဝ၃-၁၉၉၁        ဥရ်မီလာဒေဝီဒါဆီ တင်ပြသည်။								


