ဖြစ်ရပ်မှန် ဇာတ်လမ်း

ဖခင်ဖြစ်သူ၏ သင်ကြားပေးမှုကြောင့် နိုင်ငံသစ်တွင် လောကုတ္တရာ လမ်းညွှန်မှု ရခဲ့သော အိန္ဒိယမှ ဆရာဝန်လူငယ် တစ်ယောက် အကြောင်း
(ဒေါက်တာ ဆင်းဂ် တင်ပြသည်။)

ဒေါက်တာရဗီးဆင်းဂ်(ရဗီး)ကို အိန္ဒိယနိုင်ငံ၊ ဥတာပရာဒဲရှ် ပြည်နယ်၊နိတ်မီရှရန်ယ အနီးမှာ ရှိတဲ့ ရွာလေး တစ်ရွာမှာ မွေးဖွား ခဲ့ပါတယ်။ သူ့ရဲ့ အဖေဖြစ်သူ ဒေါက်တာ ကျန်န္ဒရ ပ်ရကားရှ် ဆင်းဂ် ဟာ ကလေးတွေကို ငယ်ယ်လေးကတည်းက မနက်စောစောထ၊ ရေချိုး ဘုရားရှိခိုးပြီးမှ နံနက်စာ ကျွေးတဲ့ အကျင့် လုပ်ထားပါတယ်။ ရဗီးရဲ့ အဖေဟာ ခတ္တိယ အနွယ်ဖွား ဝိတ်သျှ်ဏဝ တစ်ဦး ဖြစ်ပြီး ဘုရားတရား ကြည်ညို ကိုင်းရှိုင်းသူ ဖြစ်ပါတယ်။ သူတို့ ဆွေစဉ် မျိုးဆက်မှာ ခတ္တိယတွေ လုပ်နေကျ အမဲလိုက်ခြင်း ကို ပထဦးဆုံး သူစွန့်ခဲ့ပြီး သက်သတ်လွတ် ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။
” အဖေဟာ ကျွန်တော်တို့အတွက် ဘုရားရှင် ကျိတ်သံနျ အကြောင်း ရေးထားတဲ့ စာအုပ်ဝယ်လာပေးပါတယ်” လို့ ရဗီး ပြောပြ ပါတယ်။ ” အဲဒီ စာအုပ်ကနေ ဘုရားရှင် ကျိတ်သံနျ မဟာ ပ်ရဘူး ဟာ ဆွမ်းတော်ကို ဘယ်လို ဘုန်းပေး တော် မူတယ် ဆိုတာ သိခဲ့ ရ ပါတယ်။ ကျွန်တော်တို့ အိမ်မှာက အမြဲ သက်သတ်လွတ်ဘဲ ချက်တဲ့ အတွက် ဘုရားကို ဆွမ်းတော် ဆက်ကပ် ပြီး မှ ကျွန်တော် တို့ စားကြတာ ဖြစ်တယ်။”
ဖခင်ဖြစ်သူဟာ မနက်တိုင်း မိသားစုကို ရှရီမဒ် ဘာဂဝသံမ် ကျမ်း ဖတ်ပြတာကို ရဗီး ကောင်းကောင်း မှတ်မိ နေပါတယ်။ ခေတ်ပညာတတ် တစ်ယောက် ဖြစ်တဲ့ အဖေဟာ အဲဒီကျမ်း ကို ဘာလို့ အဲဒီလောက် စိတ်ဝင်စား တယ်ဆိုတာကို ရဗီး နားမလည် နိုင်ခဲ့ပါဘူး။
နောက်ပိုင်း ဆေးကျောင်းသား ဘဝနဲ့ပဲ ဂျိုဒ်ပူရ်မှာ ဆေးကျောင်း တက်တော့ ရဗီးဟာ ဘာသာရေး၊ ဒဿန ရေး ဆွေးနွေးတဲ့ ကလပ်အသင်း တစ်ခုကို စခဲ့ပါတယ်။ ပရော်ဖက်ဆာ တစ်ချို့နဲ့ ကျောင်းသား တစ်ချို့ ဒီ ဘာသာရေး ကလပ်ဟာ ဆေးတက္ကသိုလ် ရဲ့ သိက္ခာကို ကျဆင်းစေတယ် လို့ ကန့်ကွက်ခဲ့ပါတယ်။ ဒါပေမဲ့ ရဗီးကတော့ အလျှော့ မပေးခဲ့ပါဘူး။ ကလပ်ဟာ ဆက်ပြီး လှုပ်ရှားခဲ့ပါတယ်။
၁၉၇ဝမှာ ကလကတ္တားမြို့ က ပြန်လာတဲ့ ဖခင် က ကျေးဇူးရှင် ဆရာတော်ကြီး အေ စီ ဘ(က်)သီး ဝေဒါးန်သဆွာမိ ပ်ရဘူးပါဒ် ရေးသားတဲ့ ” လောကခပ်သိမ်း၏ အနှိှုုင်းမဲ့ ဘုရားရှင် ကရိသျှ်ဏ” ဆိုတဲ့ စာအုပ် အထူကြီး တစ်အုပ် ဝယ်လာပေးပါတယ်။ သူ့ကို စာအုပ် ရောင်းပေးခဲ့တဲ့ အနောက်တိုင်းသား ဟရေး ကရိသျှ်ဏ (ဝိတ်သျှ်ဏဝ) တွေကို သူက ချီးကျူးနေပါတော့တယ်။ ဒါပေမဲ့ ရဗီးကတော့ သိပ်စိတ်မပါ ပါဘူး။ သူက ရူပအဆင်း မရှိတဲ့ ဘုရားကို သာ ကိုးကွယ်ဆည်းကပ်နေသူ မဟုတ်ပါလား။ အနောက်တိုင်း ဆိုတဲ့ ငရဲ
ရဗီးရဲ့ အဖေက သူ့ကို အမေရိကားကို သွားပြီး ဆေးပညာ ဘွဲ့လွန်သင်တန်း တက်ဖို့ အားပေးခဲ့ပါတယ်။ အဲဒီ လိုနဲ့ ရဗီးဟာ ၁၉၇၅ ခုနှစ်မှာ အမေရီကားကို ရောက်သွားခဲ့ပါတယ်။ ဒါပေမဲ့ သူမြင်တာက အမေရီကားဟာ တကယ့် ငရဲတစ်ခု ပါဘဲ။ ရုပ်ဝါဒ ဆန်လွန်းတဲ့ အနောက်တိုင်း တန်ဖိုးတွေဟာ စိတ်ခံစားမှု မရှိသူတွေရဲ့ အသိုင်းအဝိုင်း ဆိုတာကို သူ အံ့သြခြင်း ကြီးစွာ မြင်ခဲ့ရပါတယ်။ ဒီလိုနဲ့ တစ်နှစ်လောက် ရုန်းကန် နေထိုင်ပြီးစဉ်မှာ ဝါရှင်တန် ဒီစီ မြို့တော်မှာ အနောက်တိုင်းသား ဟရေး ကရိသျှ်ဏ တွေကို တွေ့လိုက်ရတဲ့ အခါ သူ တော်တော် အံ့အားသင့်ခဲ့ ရပါတယ်။ ကရိသျှ်ဏ အနုဿတိရဲ့ ဒဿန အတွေးအခေါ်ပိုင်းကို သူ သိပ်မနှစ်သက်ခဲ့ပေမဲ့ ဝါရှင်တန်မှာ ရှိတဲ့ အီ(စ်)ကော်န် ဘုရားကျောင်း မှာ လုပ်နေတဲ့ ဘုရားရှင် ရဲ့ အလုပ်အကျွေးတွေက သူ့ကို ဆွဲဆောင်နေပါတယ်။ သူဟာ မကြာမကြာ ဘုရားကျောင်း သွားဖြစ်ခဲ့ပါတယ်။
” ဘုရားတရား နဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေကို မိသားစု ဆီက ရခဲ့တာ မှန်ပေမဲ့ လက်တွေ့ နားလည်မှု ကိုတော့ အပြည်ပြည်ဆိုင်ရာ ကရိသျှ်ဏ အနုဿတိ အသင်းသား တွေ ဆီကနေ ရခဲ့တာ ဖြစ်တယ် ” လို့ ရဗီး ပြောပြပါတယ်။ ” အိန္ဒိယမှာ ရှိတုန်းက ဆာဒူး တွေ တရားဟော တာတွေ အများကြီး ကြားဖူးပါတယ်။ ဒါပေမဲ့ ဆရာတော်ကြီး ရှရီလာ ပ်ရဘူးပါးဒ် ရဲ့ တရားခွေကို နားထောင်ရတဲ့ အခါ ဆရာတော်ကြီးက ‘ ကျုပ်ထင်တာက…” ဆိုတာမျိုး ဘယ်တော့မှာ မပြောဘဲ ပြောချင်တဲ့ အချက်တွေကို ကျမ်းစာ တွေထဲက တိတိကျကျ ကိုးကားဟောပြောတာ တွေ့ရပါတယ်။” ဆရာတော်ကြီးက သူ့ကိုသူ အရှိအတိုင်း ပို့ပေးတဲ့ စာပို့လုလင်နဲ့ နှိုင်းယှဉ်ပါတယ်။ ကျွန်တော့် အတွက်တော့ ဒါဟာ တန်ဖိုး မဖြတ်နိုင်တဲ့ သိမြင်မှု ဖြစ်ပါတယ်။ ” ဘာမှ မတီထွင်ပါနဲ့၊ ဘာမှ ထုတ်မပစ်ပါနဲ့၊ ဘုရားရှင် ကရိသျှ်ဏ ဟောကြားတဲ့ အတိုင်းဘဲ ပြန်ပြောပါ။ ”
၁၉၇၆ မှာ ဆရာတော်ကြီး ပ်ရဘူးပါးဒ် ဝါရှင်တန်ကို ကရြွောက်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ဒေါက်တာ ရဗီးဟာ ဆရာတော်ကြီး ရဲ့ စာအုပ်တွေကို လေးလေးနက်နက် ဖတ်ရှုနေပါပြီ။ ဆရာတော်ကြီး ရဲ့ တရားပွဲတွေ၊ မနက်ပိုင်း လမ်းလျှောက် ထွက်တဲ့ အခါ တွေ၊ တရားဆွေးနွေးပွဲ တွေကိုလည်း မပျက်တမ်း တက်ရောက် နားထောင်ခဲ့ပါတယ်။ ရှရီ လာပ်ရဘူးပါဒ် ဒေါက်တာရဗီးကို စကားပြောတဲ့ အခါ ဟိန္ဒီဘာသာနဲ့ ပြောပါတယ်။ ဒါကို ရဗီးက ဆရာတော်ရဲ့ အထူးမေတ္တာကို ခံယူပါတယ်။ တစ်နေ့မှာ ရဗီး ဆရာတော် အခန်းထဲ ဝင်မလို့ လုပ်နေတုန်း ကျောင်းထိုင် ဆရာတော်က သူ အမြဲတမ်း ဆရာတော် အခန်းဝင်နေရတဲ့ အတွက် ဒီကနေ့ သူများတွေ ဝင်ပါစေလို့ မေတ္တာ ရပ်ခံပါတယ်။ အဲဒီအခါ ရဗီးက ဆရာတော်ကြီး ရဲ့ အခန်း အပြင်ဘက် လှေခါးပေါ်မှာ ထိုင်ပြီး တိုးတိုးလေး ပုတီး စိပ်နေပါတယ်။ သိပ်မကြာ ပါးဘူး ဗြဟ်မကျာရီ တစ်ဦး ထွက်လာပြီး ” ဆရာတော်ကြီးက ဒေါက်တာရဗီးကို ဟိန္ဒီ စကား ဘာသာပြန်ဖို့ ခေါ်နေပါတယ်။” လို့ပြောပါတယ်။ ရဗီးလည်း ဝမ်းသာအားရ ဆရာတော်ကို လုပ်ကျွေးပြုစုဖို့ အခန်းထဲကို ဝင်လိုက် သွားပါတယ်။
ဆရာတော်ကြီး နဲ့ အခန်းထဲမှာ ရှိတုန်း ရလိုက်တဲ့ အခွင့်ထူးကို ရဗီး အသုံးချလိုက်ပြီး ဆရာတော်ကြီး ကို အခုလို မေးလျှောက်လိုက်ပါတယ်။ ” တပည့်တော်ရဲ့ အဖေဟာ ပညာရှင်တစ်ယောက်၊ ဘုရားသာဝက တစ်ယောက် ဖြစ်ပါတယ်။ သူ မကြာခင်ကဘဲ အငြိမ်းစား ယူလိုက်ပါတယ်။ ဆရာတော်ကြီး အဖေ့ကို ခိုင်းစရာ ရှိရင်ခိုင်းပါ။”
ဆရာတော်ကြီး ရှရီလာ ပ်ရဘူးပါဒ်က အဖေ့အသက်ကို မေးတော့ ရဗီး ကခြောက်ဆယ့်ငါးနှစ် လို့ ပြန်ဖြေ လိုက်ပါတယ်။ အဲဒီတုန်းက သက်တော် ၇၅ နှစ် ရှိပြီ ဖြစ်တဲ့ ပ်ရဘူးပါးဒ် က ” ခြောက်ဆယ့် ငါ့းနှစ်ဆိုတော့ အငြိမ်းစား ယူဖို့ ငယ်ပါ သေးတယ်။ ဟိန္ဒီနဲ့ ဘာသာပြန်စရာတွေ အများကြီး သူ ပြန်ပေးရင် ကောင်းတာပေါ့” လို့ ပြန်ပြောပါတယ်။
ဆရာတော်ကြီး အဲဒီ လို ပြောတာကို အဖေက ဝမ်းသာလို့ မဆုံးပါဘူး။ ပြီးတော့ သူ့သား တစ်ယောက် ကရိသျှ်ဏ အနုဿတိ ကို လေးလေးနက်နက် ကျင့်ကြံနေတာ ကို သူက ပိုပြီး ဝမ်းသာပါတယ်။ ရဗီးတစ်ယောက် အမေရိကား ရောက်မှ အဲဒီလို ပြောင်းလဲသွားလိမ့်မယ် လို့ သူဘယ်တုန်းကမှာ မထင်ထားခဲ့တဲ့ အကြောင်း ရဗီးကို ပြောပြတယ်။
ဖခင်ဖြစ်သူနဲ့ ရဗီးတို့ရဲ့ အားပေးမှုကြောင်း မိသားစုဝင် အားလုံး ကရိသျှ်ဏ အနုဿတိ ဖြစ်လာခဲ့ကြပါတယ်။ ၁၉၈၁ ခုနှစ်မှာ ရဗီး ဒီ(က်)ချား (သာသနာသို့ ဝင်ရောက်ခြင်း) ရခဲ့ပါတယ်။ သူ့နာမည် နီသိုင် ဂေါရဆွန္ဒရ် ဒါးစ် ( ဘုရားရှင် ကျိတ်သံနျ နဲ့ နိသ်ယျနန္ဒ တို့၏ ကျေးကျွန်) ဖြစ်သွားပါတယ်။
မိဘ ပြုပေးသော အိမ်ထောင်
နီသိုင် ဂေါရဆွန္ဒရ် ဒါးစ် အမေရိကားမှာ ရှိနေတဲ့ အချိန်မှာဘဲ မိဘတွေက အနောက် ဘင်္ဂလားပြည်နယ် သူ မီနား ဆိုတဲ့ ကောင်မလေးနဲ့ အိမ်ထောင်ချပေးဖို့ စီစဉ်ကြပါတယ်။ သူက အဲဒီကောင်မလေး ကရိသျှ်ဏ ဘုရားရှင်ကို ဆည်းကပ် သူဖြစ်မှ သူယူနိုင်မယ်လို့ စာပြန်ရေးခဲ့ပါတယ်။ မီနား ဘက်က သိပ်မသေချာဘူး။ သူမရဲ့ မိဘတွေရဲ့ ကိုးကွယ်မှုက နည်းနည်း ကွဲပြားနေပါတယ်။ မီနား ဟာ အသက် ၁၂ နှစ်လောက်မှာ သူတို့ရွာကို လာပြီး တရားဟောတဲ့ အမေရီကန် လူမျိုး ဂျဲယပါသက ဆွာမိကို ဖူးခဲ့စဉ်က ဒီ အီ(စ်)ကောန် ဆိုတဲ့ အသင်းနဲ့ ထိတွေ့ခဲ့ပါတယ်။ အမေရီကန်လူမျိုး ဆွာမီဂျီးက ဘင်္ဂါလီ စကားနဲ့ မွတ်နေအောင် တရားဟော တာကို ကြည့်ပြီး သူမ အံ့သြလို့ မဆုံး ဖြစ်ခဲ့ရပါတယ်။
မီနားဟာ သူရဲ့ ခင်ပွန်းလောင်း နီသိုင် ဂေါရဆွန္ဒရ် ဒါးစ် ပို့ပေးတဲ့ ကရိသျှ်ဏ အနုဿတိ စာအုပ်တွေကို ဖတ်တဲ့အခါ ရှရီလာ ပ််ရဘူးပါးဒ် ရဲ့ သွန်သင်မှုတွေကို လေးစားမိပါတယ်။ သူမလည်း ဒီ(က်)ချား ယူပြီး မသ်စ်ယ ဒေဝီဒါဆီ အမည်ကို ရခဲ့ပါတယ်။ သူမ အိမ်ထောင်ပြုပြီးတဲ့ အခါ နီသိုင် ဂေါရဆွန္ဒရ် ဒါးစ် နေထိုင်ရာ အမေရိကန် နိုင်ငံ တင်နက်စီး ပြည်နယ် မူရ်ဖီးစ်ဘိုရို မြို့ကို ပြောင်းပြီးနေထိုင်ခဲ့ပါတယ်။ အဲဒီမှာ ဒေါက်တာ ရဗီး ခေါ် နီသိုင် ဂေါရဆွန္ဒရ် ဒါးစ် ဟာ သက်ကြီးတွေရဲ့ စိတ်ရောဂါ အထူးကု ဆရာဝန် အဖြစ် ကိုယ်ပိုင် ဆေးခန်း ဖွင့်ပြီး လုပ်ကိုင် နေပါတယ်။
” ကျွန်တော် လူနာတွေကို ဆေးကုပေးတဲ့ အခါ ကရိသျှ်ဏ အနုဿတိ ဒဿနကို လက်တွေ့ အသုံးပြု ပါတယ်။ ကျွန်တော့်ဆီကို လာတဲ့ လူနာတွေဟာ သေဖို့ တအားကြောက်ကြတဲ့သူတွေ ဖြစ်ပြီး အာရုံခံစားလို စိတ် ကြီးလွန်းလို့ အင်မတန် ဒုက္ခ ရောက်နေသူ တွေ ဖြစ်ပါတယ်။ စကီဇိုး ဖီးနိးယား ဘဲဖြစ်ဖြစ်၊ စိတ်ကျ ရောဂါဖြစ်ဖြစ် ဒါတွေဟာ ကိုယ့်ကိုယ်ကို ရုပ်နာမ် ခန္ဓာကိုယ် လို့ ထင်လို့ ဖြစ်လာတာဘဲ ဖြစ်ပါတယ်။”
စံထားထိုက်သော သေဆုံးခြင်း
ရဗီးဆီ အဖေနောက်ဆုံး အလည်လာတော့ အဖေ အသည်းအသန် နေမကောင်း ဖြစ်ပါတော့တယ်။ ခွဲစိတ်ကုသမှု မအောင်မြင်ခဲ့ပါဘူး။ အဲဒီအခါ မှာ အဖေက ဆေးရုံမှာ စက်တွေချိတ်ပြီး အသက်ဆက်နေမဲ့ အစား သားရဲ့ အိမ်မှာဘဲ နေချင်တယ် ဆိုတဲ့ ဆန္ဒကို ထုတ်ဖေါ်ပြောဆို ခဲ့ပါတယ်။ နီသိုင် ဂေါရဆွန္ဒရ (ဒေါက်တာရဗီး) အိမ် မှာ ဘုရားသာဝက တွေ အမြဲမပြတ် လာကြပြီး အဖေ့ရဲ့ တောင်းဆိုချက်အရ သူ့ကို ရှရီလာ ပ်ရဘူးပါဒ်ရဲ့ စာအုပ်တွေ ဖတ်ပြပေးကြပါတယ်။ အဖေမကွယ်လွန်ခင် အဖေ့ကို ကုသပေးတဲ့ ဆရာဝန်ကြီးက အခုလို ကောက်ချက်ချပါတယ်။ ” ဒေါက်တာ ဆင်းဂ် ရဲ့ ဘာသာရေး ခံယုူချက်က တကယ်ကို ပြင်းထန်ခိုင်မြဲပါတယ်။ သူဟာ လောကုတ္တရာ မှာ ဘယ်လောက်ရှေ့ရောက် နေသလဲ ဆိုရင် ကူးစက်နိုင်လောက်တယ်” ။
” အဖေ မကွယ်လွန်ခင် နာရီ အနည်းငယ် ကတောင် ကျွန်တော်က အဖေ့ကို မြန်မြန်ကျန်းမာပြီး အိန္ဒိယ ပြန်သွားဖို့ အားပေးနေခဲ့တယ်။ အဖေဟာ စကား မပြောနိုုင်လောက် အောင် အားနည်းနေခဲ့တယ်။ ဒါပေမဲ့ သူဟာ အပေါ်ကို မော့ကြည့်ပြီး မိုးကောင်းကင်ကို လက်ညှိုးထိုးပြပါတယ်။ ပြီးတော့ သူရဲ့ အားနည်းနေတဲ့ လက်ချောင်းတွေနဲ့ ဟိန္ဒီလို စာနှစ်ကြောင်းရေးပြ ပါတယ်။ ” ရာဓါရာနီးရဲ့ ခြေတော်ရင်းက ဖုံမှုန့်ကို နဖူးမှာ တင်လိုပါတယ်။ ဘုရားရှင်ကို ချစ်မြတ် နိုးခြင်း ရေကန်ဟာ အိမ်တိုင်းမှာ ပြည့်လျှံလာပြီး ချစ်မြတ်နိုးခြင်း ပန်းတွေ ပွင့်လာပါလိမ့်မယ်။”
” အဖေ သေတာကို ကြည့်ပြီး နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည် ဖြစ်စေ သေခြင်း တရား အတွက် ကျွန်တော် တို့အားလုံး ပြင်ဆင်ရမယ် ဆိုတာကို သိလာ ရပါတယ်။ ဘယ်နည်းနဲ့ ဖြစ်ဖြစ် ကရိသျှ်ဏ အနုဿတိ ရှိနေအောင် အားထုတ် ရပါမယ်။ ဘယ်အချိန်မှာ ဖြစ်ဖြစ် ဘုရားရှင် ရဲ့ သာဝကတွေ ကြားမှာ ရှိနေသင့်တယ်။ အထူးသဖြင့် ကြောက်စရာကောင်းတဲ့ သေဆုံးချိန် မှာ ပေါ့” ။
” ကျွန်တော့အိမ် ဟာ အီ(စ်)ကောန် ဘုရားကျောင်း နဲ့ အလှမ်း ဝေးပါတယ်။ အဲဒါ ကြောင့် ဘုရားသာဝက တွေနဲ့ ထိတွေ့ ဖို့ မနည်း ကြိုးစား ရပါတယ်။ အိမ်ထဲက အပြင် ထွက်တာနဲ့ စိတ်အလို ကို လိုက်ချင်စိတ် တွေ ဖြစ်လာ နိုင်ပါတယ်။ အတွေးအခေါ် အမှား တွေရဲ့ တိုက်ခိုက်မှုကို ခံရနိုင်ပါတယ်။ ကျွန်တော့ ဂုရူက အိမ်မှာ ရုပ်ပွားတော် ထားပြီး ကိုးကွယ်ဖို့၊ ပုံမှန် ဘုရား ရှိခိုး အစီအစဉ်တွေလုပ်ဖို့ မှာကြားပါတယ်။ ကျွန်တော်တို့ အဲဒီလို အစီအစဉ် တွေ လုပ်ခဲ့တာ ၁၅နှစ်ကျော် ရှိခဲ့ပါပြီ။ အဖေရှိတုန်းက ဆိုရင် အဲဒီလို အစီအစဉ် လာလုပ်ပေးတဲ့ ဘုရား သာဝက တွေကို အဖေ အင်မတန် နှစ်သက် ခဲ့ပါတယ်။
ဆရာတော်ကြီး ရှရီလာ ပ်ရဘူးပါဒ်က ” ဖခင် ချပေးခဲ့တဲ့ လောကုတ္တရာ မျိုးစေ့ကို ဂုရုဆရာက ဖြည့်စွမ်း ပေးခဲ့တယ် ” လို့ မိန့်ကြားခဲ့တာ ကြားဖူးပါတယ်။ ကျွန်တော့် အဖေက ဘုရားနဲ့ ပတ်သက် တဲ့ အခြေခံ နားလည်မှုကို သင်ပေးခဲ့ပြီး အဲဒါကြောင့် သာ ဘုရား သာဝက တွေနဲ့ တွေ့တော့ သူတို့အပေါ် စိတ်ဝင်စားမိခဲ့တာ ဖြစ်တယ်။ အိန္ဒိယ မှာ ရှိတုန်းက ကျွန်တော် ဟာ ဘုရားကို ရူပအဆင်း မရှိဘူး ဆိုတာကို ခံယူ ယုံကြည် ခဲ့တယ်။ ဒါပေမဲ့ ဆရာတော်ကြီး ရှရီလာ ပ်ရဘူးပါဒ် ကျွန်တော့်ကို ကယ်တင်ခဲ့ပါတယ်။ ကျွန်တော်သာ အိန္ဒိယမှာ ရှိနေခဲ့ရင် ဘုရားကို ကြောက်တဲ့ သက်သတ်လွတ်သမား သာ ဖြစ်ခဲ့မှာပါ။ ဘုရားကို ချစ်မြတ်နိုးသူ မဖြစ်နိုင်ပါဘူး။ အဖေ့ကျေးဇူး ကျွန်တော့်အပေါ် ကြီးမား လှပါတယ်။ ဆရာတော်ကြီး ရှရီ လာ ပ်ရဘူးပါးဒ်နဲ့ ဆရာတော်ကြီး ရဲ့ သာဝကတွေရဲ့ ကျေးဇူးက မြင့်မိုရ် တောင်မက ကြီးမား လွန်းလှပါတယ်။
(နီသိုင် ဂေါရဆွန္ဒရ ဒါစ် (ခ) ဒေါက်တာ ရဗီးဆင်းဂ် သည် ဇနီးမီနား၊ သမီး ရှရူသီ ၊ သား အဘီရှေ(က်)၊ သမီးငယ် မံဂျာရီ တို့နှင့် အတူ သက်ကြီးစိတ်ရောဂါ အထူးကု ဆရာဝန်ကြီး အဖြစ် အမေရိကန် နိုင်ငံတွင် အေးချမ်းစွာနိုင်ထိုင်ပြီး ဘုရားရှင် ၏ အလုပ်အကျွေးကို ပြုလျက်ရှိပါသည်။) BTG ၃၃-၀၄-၁၉၉၉