Blog Detail

ဩဂုတ် 17, 2025 in Blog

ဟရေး ကရိသျှ်ဏ မဟာမံန်သရာ(ဂါထာတော်)ကို ရွတ်ဆို သရဇ္ဈာယ်ခြင်း

ဘုရားမြတ်ကို ချစ်မြတ်နိုးစွာ အလုပ်အကျွေးပြုခြင်းရဲ့ ပထမအခြေခံက ဟရေ ကရိသျှ်ဏ မဟာ မံန်သရာ ကို ရွတ်ဆိုခြင်း ပဲ ဖြစ်ပါတယ်။(‘မဟာ’ က ‘ကြီးမြတ်သော’ လို့ အဓိပ္ပါယ် ရပြီးတော့ ‘မံန်သရာ’’ဆိုတာ ကတော့’စိတ်အာရုံကို အဝိဇ္ဇာ မောဟမှ လွတ်မြောက်စေသော သံစဉ်တော်’လို့ အဓိပ္ပါယ် ရပါတယ်။)

ဟရေး ကရိသျှ်ဏ ဟရေး ကရိသျှ်ဏ
ကရိသျှ်ဏ ကရိသျှ်ဏ ဟရေး ဟရေး
ဟရေး ရားမ ဟရေး ရားမ
ရားမ ရားမ ဟရေး ဟရေး။
Hare Krishna Hare Krishna
Krishna Krishna Hare Hare
Hare Rama Hare Rama
Rama Rama Hare Hare

သင့်အနေနဲ့ ဘုရားရှင်ရဲ့ မြင့်မြတ်သော နာမဂုဏ်တော်ကို ဘယ်နေရာဘယ်ကာလမှာမဆို ရွတ်ဆိုနိုင်ပါတယ်။ သို့သော်လည်း နေ့စဉ်ရွတ်ဆိုဖို့၊ ပုံမှန်အချိန် သတ်မှတ်နိုင်ရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။ မနက်အာရုဏ်တက် အချိန်ဟာ ကရိသျှဏ အနုဿတိ ပွားများဖို့ အကောင်းဆုံးအချိန် ဖြစ်ပါတယ်။

ဘုရားရှင်ရဲ့ ဂုဏ်တော်ကိုနည်းလမ်း နှစ်သွယ်နဲ့ ရွတ်ဆို နိုင်ကြပါတယ်။ပထမ တစ်လမ်း ကတော့’မံန်သရာ’(ဂါထာတော်) ကို သီကျူးခြင်းဖြစ်ပြီး လူအများနဲ့ စုပေါင်း သီဆိုကြရပါတယ်၊ အဲဒါကို ‘ကီရ်သန’လို့ ခေါ်ပါတယ်။ ဒုတိယ တစ်နည်းကတော့ မိမိတစ်ဦး တည်း ရွတ်ဆိုသရဇ္ဈာယ်ခြင်းဖြစ်ပြီး ဂျပ (ညင်သာစွာရွတ်ဆိုခြင်း) ဖြစ်ပါတယ်။ ဘုရားရှင်ရဲ့ နာမတော်ကို ရွတ်ဆိုတဲ့ အခါ မိမိ ရွတ်ဆိုတဲ့ အသံကို မိမိပြန်ပြီး ကြားနိုင်အောင် အ္ထာရုံထားကြရပါမယ်။ အဲဒီလို ရွတ်ဆိုနေစဉ်မှာ ဂါထာတော်ရဲ့ စကားလုံးတိုင်း ကို ပီပီသသနှင့် ရှင်းလင်းစွာ ရွတ်ဆိုပြီး ဘုရားရှင်ကို ဆုတောင်းပတ္ထနာ ပြုနေသလို သဘောထားကြရမှာ ဖြစ်ပါတယ်။ တကယ်လို့ စိတ်အစဉ်ဟာ ဟိုဟိုဒီဒီ လွင့်မြောသွားမယ်လို့ဆိုရင် ဘုရားရှင်ရဲ့ နာမတော် သံစဉ်ပေါ်မှာ အာရုံပြန်ရောက်လာဖို့ လုပ်ကြရပါမယ်။ ရွတ်ဖတ် သရဇ္ဈာယ်ခြင်းဟာ ကရိသျှ်ဏ ဘုရားမြတ်ထံ ဆုတောင်းတစ်ခု ဖြစ်ပြီး’’အို-ဘုရားရှင်၏ ဘုန်းတန်ခိုးတော်(ဟရေး)၊ အို-အရာရာကို ဆွဲဆောင်နိုင်စွမ်း ရှိတော်မူသော ဘုရားရှင် (ကရိသျှ်ဏ) ၊အို-အတုမရှိသော သုခချမ်းသာကို ရရှိခံစားတော် မူသော ဘုရားရှင်(ရားမ)။ တပည့်တော်အား အရှင်ဘုရား၏ အလုပ်အကျွေးတွင် ပါဝင်ဆောင်ရွက်စေတော်မူပါဘုရား’’ လို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ ဘုရားရှင်ရဲ့ နာမတော်ကို စိတ်အာရုံ စူးစိုက်ပြီး ရိုးသားစွာ ရွတ်ဆိုလာတာနဲ့အမျှ တိုးတက်မှုများ ရလာမှာဖြစ်ပါတယ်။

ဘုရားရှင်ဟာ အနန္တတန်ခိုးတော်နဲ့ပြည့်စုံပြီး အနန္တ မေတ္တာတော် ကို ပိုင်ဆိုင်တော်မူသော ဘုရားဖြစ်တော်မူ အတွက် မိမိကိုယ်တော်တိုင်ရဲ့ နာမဂုဏ်တော်ကို လွယ်ကူစွာရွတ်ဆို သရဇ္ဈာယ်နိုင်ဖို့ ကရုဏာတော် ကြီးစွာ စီရင်ထားတော် မူပါတယ်။ မိမိ ကိုယ်တော်တိုင်ရဲ့ တန်ခိုးတော် အလုံးစုံကိုလည်း အဲဒီ နာမတော်မှာ တည်စေတော် မူပါတယ်။ ဒါကြောင့် ဘုရားရှင်ရဲ့ နာမတော်များနဲ့ ဘုရားရှင်ကိုယ်တော်တိုင်တို့ဟာ ထပ်တူထပ်မျှ ဖြစ်တော်မူပါတယ်။ ဆိုလိုရင်း အဓိပ္ပာယ် ကတော့ ဘုရားရှင်ရဲ့ နာမတော် ကရိသျှ်ဏနဲ့ ရားမတို့ကို ရွတ်ဆို သရဇ္ဈာယ်ခြင်း ဟာ ဘုရားရှင် ကိုယ်တော်တိုင်နဲ့ တိုက်ရိုက် ထိတွေ့ရတာပဲ ဖြစ်လို့ မိမိတို့ကို မွန်မြတ်စင်ကြယ် လာစေပါတယ်။ ဒါကြောင့် ဘုရားရှင်ရဲ့ နာမဂုဏ်တော်ကို ရွတ်ဆိုတဲ့အခါ ရိုရိုကျိုးကျိုးနဲ့ မေတ္တာ သဒ္ဓါတရားထားပြီး အမြဲရွတ်ဆိုဖို့ အားထုတ်ကြရပါမယ်။ ဝေဒကျမ်းစာများရဲ့ အဆိုအရ ဘုရားရှင်ရဲ့ ဂုဏ်တော်ကို ရွတ်ဆိုနေ စဉ်မှာ ဘုရားရှင် ကိုယ်တော်တိုင် မိမိရဲ့လျှာဖြားမှာ ‘က’တော်မူလို့ ဆိုကြပါတယ်။

သင့်အနေနဲ့ဘုရားရှင်ရဲ့ဂုဏ်တော်ကို တစ်ဦးတည်း ရွတ်ဆို တဲ့အခါ စိပ်ပုတီး(ဂျပ)နဲ့စိတ်တာဟာ အကောင်းဆုံး ဖြစ်ပါတယ်။ အဲဒီလိုနဲ့ ဂုဏ်တော်ကို ပုတီးဘယ်နှစ်ပတ် စိပ်တယ်ဆိုတာ ကိုလည်း ရေတွက်နိုင်မှာဖြစ်ပါတယ်။ ပုံမှန် အနေနဲ့ စိပ်ပုတီး(Japa Beads) တစ်ကုံးမှာ စိပ်ပုတီးလုံး ၁ဝ၈-လုံးနဲ့ အလယ် မဏ္ဍိုင် ပုတီးကြီး တစ်လုံး ပါဝင်ပါတယ်။ ပုတီးကို စပြီးစိပ်တဲ့အခါ ဗဟိုမဏ္ဍိုင် ပုတီးလုံး နဲ့ကပ်ရက် ပုတီးတစ်လုံးကို ညာလက်ရဲ့ လက်မနဲ့လက်ခလယ်ကြားမှာ ထားပြီး ညင်သာစွာ လှုပ်ရှားလျက် ‘မဟာမံန်သရာ’ဂါထာတော် တစ်ပုဒ်လုံး (ဟရေး ကရိသျှ်ဏ ဟရေး ကရိသျှဏ ကရိသျှ်ဏ ကရိသျှ်ဏ ဟရေး ဟရေး၊ ဟရေး ရားမ ဟရေး ရားမ ရားမ ရားမ ဟရေး ဟရေး)ကို ပုတီး တစ်လုံး ပြီးတစ်လုံးပေါ်မှာ စိတ်ရပါတယ်။ အဲဒီလို တစ်လုံးပြီးတစ်လုံး ပေါ်မှာ ၁ဝ၈-ကြိမ် စိပ်ပြီးရင် မဏ္ဍိုင်ပုတီးဆီ ပြန်ရောက် ပါလိမ့်မယ်။ အဲဒီအခါ ဂုဏ်တော်ပုတီး တစ်ပတ်စိပ်လို့ ပြီးပါပြီ။ ဒုတိယ အပတ်ကို စတဲ့ အခါမှာ အလယ်မဏ္ဍိုင် ပုတီးကို မကျော်ဘဲ ဆုံးထားတဲ့ ပုတီးကနေ ပြန်စလို့ နောက်ပြန်လှည့်ပြီး စိပ်ရပါမယ်။ ပုတီးကို လက်ညှိုးနဲ့ မထိရပါ။(ပုံကိုရှုရန်)

Description of image

သူတော်စင် ဆရာ(ဂုရု)ဆီမှာ ‘သီ(က်)သျှား’ ယူထားသူ(ဝါ)တပည့်ခံထားသူတွေကတော့ နေ့စဉ်’မဟာမံန်သရာ’ ဂါထာတော်ကို ပုတီးပေါ်မှာ အနည်းဆုံး (၁၆)ပါတ် စိပ်မယ်လို့ ကတိပြုကြရပါတယ်။ သိုသော် သင့်အနေနဲ့ တစ်ပတ်ပဲ စိပ်နိုင်သေးတယ် ဆိုရင်လည်း ရပါတယ်။ သို့သော် စည်းကမ်း သတ်မှတ်ချက်က ဂုဏ်တော်ပုတီး တစ်ပတ် စိပ်မယ်လို့ သစ္စာပပြုြီးတာနဲ့ နေ့စဉ်ပုံမှန်တစ်ပတ် စိပ်နိုင် ဖို့ရာ ကြိုးစား ကြရမှာဖြစ်ပါတယ်။ ဂုဏ်တော်ပေါ်မှာ အာရုံရလာပြီ ဆိုရင် ပိုပြီးစိတ် ချင်လာမယ်။ အနည်းဆုံး ဘယ်နှစ်ပတ် စိပ်မယ်ဆိုတာကို သတ်မှတ်ပြီး နေ့စဉ် စိပ်ဖို့ ကြိုးစားရပါမယ်။ မိမိ သတ်မှတ်ထားတဲ့ အပတ်ရေထက် ပိုပြီး စိတ်နိုင်ပါတယ်။ သို့သော် အဲဒီ သတ်မှတ်ထားတဲ့ အပတ်ရေကိုတော့ နေ့စဉ် ထိန်းထားနိုင်အောင် သတိပြုရပါမယ်။ (ဘုရားရှင်ရဲ့ ဂုဏ်တော်ကို စိပ်လာတဲ့ ပုတီးဟာ အထွတ်အမြတ် ပြုအပ်တဲ့အရာ ဖြစ်လာတာကြောင့် ပုတီးကို ကြမ်းပြင်ပေါ်မှာ မချမိဖို့၊ မသန့်ရှင်းတဲ့နေရာတွေကို မယူသွားမိဖို့ ဂုရုပြုကြရပါမယ်။ ပုတီးထည့်ဖို့ရာ ချုပ်ထားတဲ့အိတ်တွေနဲ့ ထည့်ထားနိုင်ရင်တော့ အကောင်းဆုံးပါ။ အဲဒီလို ပုတီးနဲ့ပုတီးအိတ်ကို နီးစပ်ရာကရိသျှ်ဏ အနုဿတိအသင်း တည်ရာ ဘုရားကျောင်းတွေမှာ ရယူနိုင်ပါတယ်။(လိပ်စာများကို ဤစာအုပ်တွင်ရှုပါ)။

ဘုရားရှင်နဲ့ဂုဏ်တော်ကို ဂျပ(ဝါ)ပုတီးပေါ်မှာ စိတ်နိုင်တဲ့ အပြင် ‘ကီရ်သန’လို့ခေါ်တဲ့ သီကျူးမှုလည်း လုပ်နိုင်ပါတယ်။ ‘ကီရ်သန’ကို တစ်ဦးတည်း ပြုနိုင်သလို ယေဘုယျအားဖြင့်တော့ စုပေါင်းသီကျူးကြပါတယ်။ မိသားစု ဒါမှမဟုတ် မိတ်ဆွေတွေနဲ့ အတူ ဘုရားရှင်ရဲ့ ဂုဏ်တော်ကို သာယာကြည်နူးဖွယ်သီကျူးခြင်း အားဖြင့် လူတိုင်းကို ပီတိသုခ ဖြစ်စေပါတယ်။ ISKCON ‘အစ္စကောန်’ရဲ့ အသင်းဝင်တွေ ကတော့ မဟာမံန်သရာကို ရှေးမူမပျက်တဲ့ သံစဉ်တွေနဲ့ပဲ သီကျူးကြပြီး အထူးသဖြင့် ဘုရားကျောင်းတွေမှာတော့ ရိုးရာတူရိယာတွေနဲ့ တွဲဖက်ပြီးတော့ သီဆိုကြပါတယ်။ သို့သော်လည်း သင့်အနေနဲ့ကြိုက် နှစ်သက်ရာ သံစဉ်ကို နှစ်သက်ရာ တူရိယာနဲ့ တွဲဖက်ပြီး ဒီမဟာမံန်သရာ ကို သီဆိုနိုင် ပါတယ်။ ကျိတ်သံနျ မဟာပ်ရဘူး ဟောကြားတော် မူခဲ့တဲ့အတိုင်း ‘’ဟရေးကရိသျှ်ဏ ဂုဏ်တော်ကိုသီဆိုရွတ်ဖတ်ခြင်း၌ မည်သည့် စည်းကမ်း နည်းလမ်းမျှ တင်းကျပ်စွာ မရှိပါ။’’အကယ်၍ ‘ကီရ်သန’နဲ့ ‘ဂျပ’ တိတ်ခွေတွေ လိုအပ်တယ်ဆိုရင် နီးစပ်ရာ ကရိသျှ်ဏ အနုဿတိ ဘုရားကျောင်းတွေမှာ ရနိုင်ပါတယ်။