Who is Lord Chaitanya?

ဘုရားရှင် ကျိတ်သံနျ မဟားပါရဘူ ဘုရားရှင် ကျိတ်သံနျသည် ၁၅ ရာစုနှစ် နှောင်းပိုင်းတွင် အိန္ဒိယနိုင်ငံ၊ အနောက် ဘင်္ဂလားရှိ မားယားပူရ်တွင် ဘုရားရှင် ကရိသျှ်ဏ ၏ သာဝက တစ်ဆူအနေဖြင့် ပွင့်တော်မူ ခဲ့သည်။ ကိုယ်တော်က အမြတ်ဆုံးသော ဘုရားရှင် ၏ နာမတော်များကို လူအများ စုပေါင်းရွတ်ဆိုသော ဆံကီရ်သန ယဂျ်ညအနေဖြင့် ရွတ်ဆို ရမည် ဖြစ်ကြောင်း ထိုကဲ့သို့ ရွတ်ဆိုသည့် အထိရောက်ဆုံး သောနည်း လမ်းအားဖြင့် မည်သူ မဆိုသည် ပြီးပြည့်စုံမှုကို ရရှိပြီး ဘုရားရှင်၏ လောကုတ္တ ရာနိုင်ငံတော်သို့ ရောက်ရှိနိုင်​ကြောင်း မိန့်ဆိုထားပါသည်။ ကိုယ်တော်၏ လွှမ်း မိုးမှုဖြင့် အိန္ဒိယ၏ ထိပ်တန်း ဘာသာရေး ပညာရှင်များနှင့် သူတို့၏ နောက် လိုက်များစွာသည် ဘုရားရှင် ကရိသျှ်ဏ ၏ သာဝက များ ဖြစ်လာခဲ့ကြသည်။ ကိုယ်တော်၏ လူငယ်ဘဝတွင် မဟားပ်ရဘူသည် ထိုအချိန်က အိန္ဒိယ ၏ ထိပ်တန်းစာရင်းဝင်ဖြစ်သော သင်ကြားရေး စင်တာများမှ တစ်ခု ဖြစ်သည့် နဝဒွီးပမှ သက္ကတ ကျောင်းတစ်ကျောင်းတွင်တက်ရောက်သင်ယူ၍ အကောင်းဆုံး ပညာရှင် တစ်ပါး အနေဖြင့် ဂုဏ်သတင်း ကျော်ကြားခဲ့သည်။ သို့သော် အ သက် ၂၄ နှစ်တွင် ကိုယ်တော်သည် အရာ ခပ်သိမ်းကို စွန့်လွှတ်ပြီး အန္ဒိယ ၏ ဒေသ များစွာတွင် ခရီး လှည့်လည်ကာ တွေ့ဆုံသူတိုင်းအား ဟရေ ကရိသျှ်ဏ မဟားမန်သ်ရ ရွတ်ဆိုရန် တိုက်တွန်း အားပေးခဲ့သည်။ ဝေဒ ကျမ်းဂန်များတွင် တွေ့ရှိရသော ကျယ်ပြန့်သည့် သက်သေအ ထောက်အထားများအရ ကိုယ်တော်ကို ပညာရှင်များစွာနှင့် နောက်လိုက်တ ပည့်များစွာက၊ ဘုရားရှင် ကရိသျှ်ဏ ကိုယ်တော်တိုင်၏ နောက်ဆုံး ပွင့်တော်မူခြင်း အနေဖြင့် သတ်မှတ်ကြသည်။ အပြည်ပြည်ဆိုင်ရာ ကရိသျှ်ဏ အနုဿ တိ(ISKCON) အဖွဲ့အစည်းသည် ဘုရားရှင် ကျိတ်သံနျ၏ ဆံကီးရ်သန လှုပ်ရှား မှုကို ဆက်လက်၍ ဆောင်ရွက်နေခြင်း ဖြစ်သည်။ ဘုရားရှင် ကျိတ်သံနျသည် တပည့်များနှင့် အတူသာသနာပြုခြင်း။ မဟားပ်ရဘူ၏ ရိုကြိုးနှိမ့်ချမှု၊ သူတော်စင်ဆန်သော အမူအရာနှင့်ဝေဒ ကျမ်းများ၏ နိဂုံးချုပ် အသိပညာတို့သည် ထင်ရှားသော ပုဂ္ဂိုလ်မဲ့ဝါဒီ များအား အမြတ်ဆုံးသော ဘုရားရှင်ကို ဝတ်ပြုဆည်းကပ်ခြင်းဖြစ်သည့် ကရိသျှ်ဏ အနုဿတိ သည် ဘဝ၏ အမြင့်ဆုံး ရည်ရွယ်ချက်ဖြစ်သည်ဟူ၍ ယုံကြည်စေနိုင်ခဲ့ သည်။ မဟားပ်ရဘူ ၏ ညွှန်ကြားချက်အရ ဝ်ရင်ဒါးဝနမှ ဂိုဆွားမီး ခြောက်ပါး သည်၊ ကရိသျှ်ဏ ဘုရားရှင်အား ချစ်မြတ်နိုးသော အလုပ်အကျွေး ( Krishna Bhakti) သည် ဝေဒ သွန်သင်ချက် များ၏ အနှစ်သာရဖြစ်သည်ကို ပြသရန်အ တွက် ဝေဒကျမ်းများကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာခဲ့ကြသည်။ မဟားပ်ရဘူ၏ သာဝက များဖြစ်သည့် ရားမားနန္ဒ ရားယားနှင့် စနားသန ဂိုဆွားမီးတို့နှင့်အတူ ပြုလုပ်ခဲ့သော ကျယ်ပြန့်သည့် စကားဝိုင်းများသည် ဂေါဒိယဝိတ်သျှ်ဏဝ သို့မ ဟုတ် ကရိသျှ်ဏ အနုဿတိ၏ ဒဿနနှင့် ကျမ်းဂန် ဆိုင်ရာ အခြေခံအုတ်မြစ် များကို ဖွဲ့စည်းစေခဲ့သည်။ ဘုရားရှင်ကျိတ်သံနျ ကိုယ်တော်တိုင်က စာပိုဒ်ရှစ်ပိုဒ်ဖြစ်သည့် စစ်(က်) စားသက ကိုသာ ရေးသားထားခဲ့တော်မူသည်။ ယင်းတွင် ကိုယ်တော်က ဘုရား ရှင်၏ နာမတော်များကို ရွတ်ဆိုခြင်းသည် လူတိုင်းအတွက် အလွန်ရိုးရှင်းပြီး အ လွန်မြင့်မြတ်သော လောကုတ္တရာ ကျင့်စဉ် ဖြစ်သည်ဟူ၍ သွန်သင်ထားသည်။ ကိုယ်တော်သည် ဘုရားရှင် အပေါ် ချစ်ခြင်းမေတ္တာ၏ ထူးခြားသော လက္ခဏာ များကိုလည်း ပြသခဲ့သည်။ ကိုယ်တော်၏ သာဝက များအနက်မှ ကြီးမြတ် သောပညာရှင်များဖြစ်သည့် ဂိုဆွားမီး ခြောက်ပါး အပါအဝင်၊ကျိတ်သံနျ မဟားပ်ရဘူ သည် ဘုရားရှင်ကရိသျှ်ဏ ကိုယ်တော်တိုင် ဖြစ်ကြောင်း ညွှန်ပြသောကျယ်ပြန့်သည့်ကျမ်းဂန်ဆိုင်ရာ သက်သေအထောက်အထားများကို ကိုးကားခဲ့ကြသည်။