ဘ(က်)သီး ဝေဒါန်းသ စာအုပ်တိုက် (BBT) – အိ(စ်)ကော(န်) (မြန်မာ)

ဘ(က်)သီးဝေဒါန်းသ စာအုပ်တိုက်(ဘီဘီတီ) ကို ကျေးဇူးရှင် အာစရိယ ဆရာတော်ကြီး အေ၊ စီ၊ ဘ(က်)သီးဝေဒါးန်သ ဆွာမီ ပ်ရဘူးပါးဒ်က ဝေဒ ဒဿန၏ ထာဝရ ဉာဏ်ပညာကို ပုံနှိပ်ထုတ်ဝေရန်နှင့် ဖြန့်ဝေရန် ရည်ရွယ်ချက်ဖြင့် တည်ထောင်ခဲ့သည်။ အိန္ဒိယ၏ ရှေးကျသော လောကုတ္တရာ တရားဉာဏ်ဆိုင်ရာ စာအုပ်များ၏ ကမ္ဘာ့အကြီးဆုံး ပုံနှိပ်ထုတ်ဝေသူအဖြစ် မြန်မာနိုင်ငံတွင် ISKCON သည် ဒေသခံ ဘီဘီတီ ပုံနှိပ်တိုက်ကို ပိုင်ဆိုင်ရသည့်အတွက် ကံကောင်းလှပါသည်။ ဤပုံနှိပ်တိုက်သည် ဤမြင့်မြတ်သော ကျမ်းစာများကို မြန်မာဘာသာသို့ ဘာသာပြန်ဆိုပြီး ပုံနှိပ်ထုတ်ဝေရန် ရည်ရွယ်သည်။ ဘီဘီတီ မြန်မာနိုင်ငံသည် အလေးအမြတ်ထားသော ကျမ်းစာများဖြစ်သည့် ဘဂဝဒ်ဂီသာနှင့် ရှရီမဒ်-ဘဂဝသံမ်တို့ကို ပထမဆုံးအကြိမ် မြန်မာဘာသာသို့ အောင်မြင်စွာ ဘာသာပြန်ဆိုပြီး ပုံနှိပ်ထုတ်ဝေခဲ့ရာ ဤလောကုတ္တရာ ဉာဏ်ပညာကို မြန်မာပြည်သူပြည်သားများအတွက် သူတို့၏ ဘာသာစကားဖြင့် လက်လှမ်းမှီစေသည်။ ဤသမိုင်းဝင် ကြိုးပမ်းမှုက ဒေသခံ စာဖတ်သူများအား ဒဿနကို နက်နက်ရှိုင်းရှိုင်း နားလည်ပြီး ဝေဒကျမ်းများ၏ ထာဝရ သွန်သင်ချက်များကို သူတို့၏ နေ့စဉ်ဘဝတွင် အသုံးချနိုင်ရန် အခွင့်အရေး ပေးသည်။ ဤအလုပ်အကျွေးပြုခြင်းမှတစ်ဆင့် ဘီဘီတီ မြန်မာနိုင်ငံသည် ဂေါ်ဍီယ ဝိတ်သျှ်ဏဝ၏ လောကုတ္တရာ အမွေအနှစ်ကို ကာကွယ်စောင့်ရှောက်ရုံသာမက နိုင်ငံတစ်ဝန်းလုံးရှိ လူသားတိုင်းအတွက် ဝေဒ တရားဉာဏ်၏ တံခါးများကိုလည်း ဖွင့်လှစ်ပေးသည်။